Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်မှု

Last Updated:

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၃၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၂၅၀၀)ကျပ်၊ 929  (၅၈၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင် တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၂၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၂၀၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၅၈၃၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံး(ကြီး/သေး) ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာပြီး 929 တစ်တင်းလျှင် (၃၀၀)ကျပ်ခန့် ကျဆင်းလာကြောင်း သိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၅၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၅၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ ဈေးငြိမ်နေကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၇၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၄၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၃၀၀၀) ကျပ် မြင့်တက်သွားကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၄၃၅၀၀-၄၀၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၇၀၀၀-၄၉၀၀၀)ကျပ် ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၃၉၀၀၀-၄၃၅၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၇၀၀၀-၃၉၅၀၀)ကျပ်ရှိပါသည်။ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး)ဈေးငြိမ်နေပြီး၊ ပဲတီစိမ်း (သေး) တစ်တင်းလျှင် (၅၀၀)ကျပ်ခန့် ကျဆင်း ကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၁၉၅၀၀)ကျပ်၊ပြောင်းနီ တစ်တင်းလျှင် (၂၀၀၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် တွင် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၁၀၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၁၉၀၀၀)ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပြောင်းနီ တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့်မြင့်တက်နေပြီး ပြောင်းဖူးစေ့(စီပီ)ဈေးနှုန်း အနည်းငယ်ကျဆင်း လာကြောင်းဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News